မိုင်းနင်းမိသူ နှစ်ဦးဒဏ်ရာရ

တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာအသွားလမ်း တနိုင်းချောင်းဘေးမှာ ငါးဖမ်းရင်း မိုင်းနင်းမိတာကြောင့် တနိုင်းဒေသခံတစ်ဦးနဲ့ စစ်ရှောင်စခန်းက တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းနင်းမိတာကြောင့် ခြေထောက်ကျိုးသွားတဲ့ တနိုင်းဒေသခံတစ်ဦးကို တွေ့ရစဉ် .

တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာအသွားလမ်း တနိုင်းချောင်းဘေးမှာ ငါးဖမ်းရင်း မိုင်းနင်းမိ တာကြောင့် တနိုင်းဒေသခံ တစ်ဦးနဲ့ စစ်ရှောင်စခန်းက တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ဦးက ခြေနှစ်ဖက်ကျိုးသွားကာ တစ်ဦးကတော့ ခြေနှစ်ဖက် ဒဏ်ရာရရှိခဲ့တယ်လို့ တနိုင်းဒေသခံ ဦးနော်တောင် က RFA ကို ပြောပါတယ်။

တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာမှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ၂၀၁၈ ခုနှစ် ဧပြီလကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာလဲ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကင်းချောင်းတောင်ဘက်ခြမ်း မျောက်ချောရွာအနီးတဝိုက်မှာ မြေမြုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး လူထုထိခိုက် ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

 




2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org