ကလေးမြို့မှာ အမျိုးသား နှစ်ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက် ၆ နာရီခန့်အချိန်မှာ အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးပြုံးချို၊ ကိုအောင်မျိုးထွန်း (ခ) နဂါးကြွက် တို့ကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီး သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကလေးမြို့ အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်မျိုးထွန်း (ခ) နဂါးကြွက် (ဘယ်) နှင့် ဦးပြုံးချို (ညာ) တို့ကိုတွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက် ၆ နာရီခန့်အချိန်မှာ အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးပြုံးချို၊ ကိုအောင်မျိုးထွန်း (ခ) နဂါးကြွက်တို့ကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

သူတို့ နှစ်ဦးကို ဒေသကွပ်ကဲရေးစစ်ဌာချုပ် (ဒကစ) ကို ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့လည်းဆိုပါတယ်။

သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ကလေးမြို့နယ် ရှားဘိုကျေးရွာက အမျိုးသား သုံးဦး ဖမ်းဆီးခံခဲ့ ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်တွေ ကြောင့် သေဆုံးသူ ၁,၂၉၃ ဦး၊ ဖမ်းဆီးခံခဲ့ရသူ ၁၀,၄၇၅ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ၁,၉၅၄ ဦးရှိတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org