ANP အမတ်နှစ်ဦး ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကနေ နုတ်ထွက်


2019.09.03
aungkyawzan-anp-622.jpg ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နုတ်ထွက်တဲ့ ANP ပါတီက ဦးအောင်ကျော်ဇံ ကို ၂၀၁၉ စက်တင်ဘာ ၃ ရက်နေ့ကတွေ့ရစဉ်
Photo: Thet Su Aung

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်စာ ဒီနေ့တင်လိုက်ပါတယ်။

ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆုံးဖြတ်ချက်အရ ၄၅ ဦး ပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ANP ပါတီ ကိုယ်စားလှယ်တွေ ဆက်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

အလားတူ မနေ့ကလည်း အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ DUD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ၄၅ ဦး ကော်မတီကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နုတ်ထွက်သူ သုံးဦး ရှိပြီဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြု ဖွဲ့စည်းထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။