၈၈ မျိုးဆက်အဖွဲ့ဝင် မနုနုအောင်နဲ့ မခက်ခက်အောင် ဖမ်းဆီးခံရ

၈၈ မျိုးဆက်အဖွဲ့က မနုနုအောင်၊ ဖမ်းဆီးခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ဇနီး မခက်ခက်အောင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ RFA ကို ဒီနေ့ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသူ မနုနုအောင်ကို‌ တွေ့ရစဥ်

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် မနုနုအောင်၊ ဖမ်းဆီးခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ဇနီး မခက်ခက်အောင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။

သူတို့ဟာ ဘားအံကို ဆေးကုဖို့သွားရာကနေ ဖမ်းဆီးခံရတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"မနုနဲ့ မခက်တို့က ဘားအံကိုဆေးကုဖို့ ရောက်နေတာပါ။ အဲ့ချိန်မှာပဲ ဖမ်းခံလိုက်ရတာ။ သူတို့တွေက ဘာပြစ်မှုမှ လုပ်ထားတဲ့သူတွေ မဟုတ်ဘူး။ တစ်ခုတော့ ရှိတာပေါ့၊ စစ်ကောင်စီက ဟိုပုဒ်မ၊ ဒီပုဒ်မတွေ တပ်ချင်လည်း တပ်နိုင်ပါတယ်"

လက်ရှိမှာ သူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၂၇ ရက် မနေ့ကထိ လူပေါင်း ၁၀,၃၇၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူပေါင်း ၁၀၀၈ ဦး ထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org