RFA ရုပ်မြင်သံကြား အစီအစဉ် စတင်ထုတ်လွှင့်ပြီ
ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲမှာ RFA ရုပ်မြင်သံကြား အစီအစဉ်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက် စကားနဲ့ အတူ ပထမဆုံးတင်ဆက်လိုက်ပါပြီ။
-
2012-01-19 -
-
-
အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့၊ ညစဉ် မြန်မာစံတော်ချိန် ၈ နာရီခွဲမှ ၉ နာရီအထိ နာရီဝက်ကြာတင်ဆက်တဲ့ ဒီအစီအစဉ်ကနေ သတင်းတွေ၊ တွေ့ဆုံ မေးမြန်းခန်းတွေနဲ့ တခြား စိတ်ဝင်စားဘွယ်ရာ ကဏ္ဍ အဖြာဖြာကို သောတရှင်များ ကြည့်ရှု နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။
RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို ApStar APR2R ဆက်သွယ်ရေး ဂြိုလ်တုကနေ ထုတ်လွှင့််နေတာ ဖြစ်ပါတယ်။
ဆက်သွယ်ရေး ဂြိုလ်တု တည်ရှိရာ လမ်းညွန်ချက်က ၇၆.၅ ဒီဂရီ အရှေ့ (76.5 degrees East) နဲ့ Band က C band ဖြစ်ပြီး Transponder က 6 A, Downlink frequency က 3840 Horizontal, Symbol Rate SR က 27500 နဲ့ FEC Rate က 3/4 ဖြစ်ပါတယ်။