စစ်တပ် အသရေဖျက်မှုနဲ့ သရုပ်ဆောင်တစ်ဦးကို ထောင်ဒဏ်ချမှတ်

တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲ ဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။

တပ်မတော်အပေါ်အသရေပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရုပ်ရှင် ဗီဒီယို သရုပ်ဆောင်တစ်ဦးကို တရားရုံးက ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ စနေနေ့က ချမှတ်လိုက်ပါတယ်။

အသက်၃၅နှစ်အရွယ် သရုပ်ဆောင်ထွန်းလင်းသိန်းဟာ ပြီးခဲ့တဲ မတ်လဆန်းက သူ့ရဲ့ နစ်ဆန်းကား ပတ်ပတ်လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ် ဆဲဆိုထားတာတွေကို မှုတ်ဆေးနဲ့ ရေးသားခဲ့တဲ့အတွက် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်မှာ ဖမ်းဆီးခဲ့တာပါ။

သူ့ကို နိုင်ငံတော်အကြီးအကဲတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်ပြုလုပ်မှု၊ သာသနာ့အလံကို အလွဲသုံးစားလုပ်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

မနေ့ကတော့ တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ ကိုးလ ချမှတ်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org