တောင်ကုတ် NLD အမတ် ဦးမင်းအောင်နဲ့ ပါတီဝင်တစ်ဦးတို့ အဖမ်းခံရ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ ပါတီ ဝင် ကိုသန့်ဇင်ဖြိုးတို့ကို ရဲကဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က RFA ကို ပြောပါတယ်။
- 2021-02-09
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်(ယာ)ကို တွေ့ရစဉ်
.
တောင်ကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ ပါတီ ဝင် ကိုသန့်ဇင်ဖြိုးတို့ကို ရဲကဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က RFA ကို ပြောပါတယ်။
ဆန္ဒပြလို့အပြီး မနက် ၁၁ နာရီလောက်မှာ ပါတီရုံးကနေ ရဲအင်အာ ၁၀ ယောက်လောက်က ခေါ်သွားတာ ဖြစ်ပြီး အခု နေ့လယ် ၂ နာရီကျော်အချိန်အထိ ပြန်လွတ်မလာသေးဘူးလို့လည်း သူက ဆိုပါတယ်။
တောင်ကုတ်မြို့မှာ ဒီနေ့မနက်ပိုင်းက လူအင်အား ၃၀၀၀ ကျော်နဲ့ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း မြို့ကိုပတ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အခုလို ဦးမင်းအောင်တို့ကို ခေါ်ဆောင်ထားတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။