တောင်ကုတ် NLD အမတ် ဦးမင်းအောင်နဲ့ ပါတီဝင်တစ်ဦးတို့ အဖမ်းခံရ

2021.02.09
တောင်ကုတ် NLD အမတ် ဦးမင်းအောင်နဲ့ ပါတီဝင်တစ်ဦးတို့ အဖမ်းခံရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်(ယာ)ကို တွေ့ရစဉ်
.

တောင်ကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ ပါတီ ဝင် ကိုသန့်ဇင်ဖြိုးတို့ကို ရဲကဖမ်းဆီးသွားတယ်လို့ တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က RFA ကို ပြောပါတယ်။

ဆန္ဒပြလို့အပြီး မနက် ၁၁ နာရီလောက်မှာ ပါတီရုံးကနေ ရဲအင်အာ ၁၀ ယောက်လောက်က ခေါ်သွားတာ ဖြစ်ပြီး အခု နေ့လယ် ၂ နာရီကျော်အချိန်အထိ ပြန်လွတ်မလာသေးဘူးလို့လည်း သူက ဆိုပါတယ်။

တောင်ကုတ်မြို့မှာ ဒီနေ့မနက်ပိုင်းက လူအင်အား ၃၀၀၀ ကျော်နဲ့ အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း မြို့ကိုပတ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အခုလို ဦးမင်းအောင်တို့ကို ခေါ်ဆောင်ထားတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။