တောင်ကုတ်က NLD အမတ်နဲ့ ပါတီဝင်တစ်ဦး ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ အာဏာသိမ်းအစိုးရကို အလိုမရှိကြောင်း ဆန့် ကျင်ဆန္ဒပြခဲ့တဲ့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးမင်းအောင်နဲ့ NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံထားရပါတယ်။
- 2021-02-10
-
-
-
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ အာဏာသိမ်းအစိုးရကို အလိုမရှိကြောင်း ဆန့် ကျင်ဆန္ဒပြခဲ့တဲ့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံထားရပါတယ်။
သူတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က မနက်ပိုင်းမှာ ပါတီရုံးကနေ ရဲအင်အား ၁၀ လောက်နဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။
မနေ့က ညနေပိုင်းမှာ အခုလို အမှုဖွင့်ခံလိုက်တာဖြစ်တယ်လို့ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က RFA ကို ပြောပါတယ်။
အခုလက်ရှိ သူတို့နှစ်ဦးကို ပြန်လွှတ်ပေးဖို့ကို ရဲစခန်းရှေ့မှာ လူအင်အား ၅၀ ကျော်ဆန္ဒပြတောင်းဆို နေကြပါတယ်။
RFA က တောင်ကုတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
တောင်ကုတ်မြို့နယ်မှာ မနေ့က မနက်ပိုင်းက လူအင်အား ၃၀၀၀ ကျော်နဲ့ အာဏာသိမ်း အစိုးရကို အလိုမရှိကြောင်း မြို့ကိုပတ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။