သံတွဲမြို့နယ်မှာ လေဆင်နှာမောင်း တိုက်


2015.06.29

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု ဒါဝကျေးရွာမှာ မနေ့ညက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အိမ်ခြေ ၄၀ လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူတွေနေလို့မရအောင် ပြိုကျပျက်စီးသွားတာက အိမ်ခြေ ၄၀လောက်ရှိပြီး ၅၀လောက်က အမိုးတွေ ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးအကူအညီပေးနေတဲ့ ရခိုင်အမျိုးသားပါတီက ဦးမြင့်ဦးက ပြောပါတယ်။

"ထိခိုက်တာရော ပျက်တာရော အကုန်ရောလိုက်ရင် ၉၁ အိမ်ရှိတယ်၊ လူနေလို့မရအောင် လဲသွားတာ ၄ဝ လောက်ရှိတယ်၊ ကျန်တဲ့အိမ်တွေက ခေါင်တွေပျက်သွားတာပေါ့နော်၊ လူနေလို့မရတော့ဘူး တခြားနေလို့ရတဲ့အိမ်မှာ ပြောင်းနေကြတယ်"

အဲဒီကျေးရွာမှာ အိမ်ခြေ ၁၅၀လောက်ရှိပြီး လေဆင်နှာမောင်းဒဏ်ကြောင့် နေအိမ် ပျက်စီးသွားသူတဲ့ ဒေသခံ ၃၀၀ ကျော်က ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ယာယီနေထိုင်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ တစ်ပတ်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သံတွဲ၊ အမ်း နဲ့ တောင်ကုတ်မြို့နယ်တွေမှာ ရေကြီးပြီး အတော်များများကျေးရွာတွေက ဒေသခံတွေ နေရာရွှေ့ပြောင်းနေ ထိုင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။