နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆေးရုံကုန်းအနီးက ဟိုနားကျေးရွာမှာ မနေ့က ညနေ ၆ နာရီလောက်မှာ အစိုးရတပ်မတော်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ရွာသား ၂ ဦး ဆေးကုသမှုခံယူနေ ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ အစိုးရတပ်နဲ့ TNLA တပ် တိုက်ပွဲတွေကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးကို လားရှိုးဆေးရုံမှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆေးရုံကုန်းအနီးက ဟိုနားကျေးရွာမှာ မနေ့က ညနေ ၆ နာရီလောက်မှာ အစိုးရတပ်မတော်နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ပြီး လားရှိုးဆေးရုံမှာ ရွာသား ၂ ဦး ဆေးကုသမှုခံယူနေရပါတယ်။

လားရှိုးဆေးရုံကို ရောက်ရှိနေတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားရွာသား ကိုမိုင်းလုမ်းအောင်က ၂ယောက်စလုံးဟာ လက်နက်ကြီးထိမှန်တာလို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပန်လော်ကျေးရွာ၊ ကောင်တပ်ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ့်ခမ်းမြို့နဲ့ တစ်မိုင်ခန့်သာကွာဝေးတယ်လို့ဒေသခံက ပြောပါတယ်။

TNLA က ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ နမ့်ခမ်းမြို့နားမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org