ရခိုင်ပြည်နယ်မှာ ရှားပါးဓါတ်သတ္တုတွေ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အလယ်သံကျော် ကမ်းခြေတစ်လျှောက် မှာ တိုက်တေနီယမ် သတ္တုအမြောက် အမြားကို ပြည်တွင်းအခြေစိုက် တရုတ်နိုင်ငံသားပိုင်တဲ့ ဓါတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gold Finder ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ ဒုံးပိုက်ကျေးရွာက ရှားပါးတိုက်တေနီယမ် သတ္တုတွေအမြောက်အမြားပါတဲ့သဲတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့ရပုံ Photo: Min Thein Aung

အဲဒီနောက်ပိုင်း တွေ့ရှိချက်တွေကို နေပြည်တော်မှာ ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ အဲဒီသဲတွေထဲမှာ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် တခြားဓာတ်သတ္တုပေါင်း ၂၀ကျော်ပါဝင်တယ်လို့ အစိုးရအရာရှိတွေရဲ့အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

အခုလို ဓာတ်သတ္တုအမြောက်အမြား ပါဝင်ကြောင်းတွေ့ရှိရတာနဲ့ ပတ်သက်ပြီး ပြည်တွင်းအခြေစိုက် Gold Finder ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာ ဦးမောင်မောင် က ဖြစ်နိုင်ရင် ပြည်တွင်းမှာ စက်ရုံတည်ပြီး တူးဖော်ချင်တယ်လို့ RFA ကို ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီကုမ္ပဏီအနေနဲ့ အလယ်သံကျော်ကမ်းခြေတစ်လျှောက်က နေရာ ၅ ခုမှာ တိုက်တေနီယမ်သတ္တုတွေ ထုတ်လုပ်နိုင်ခွင့်ရရှိဖို့အတွက် ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ ဒုံးပိုက်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်က ရှားပါး တိုက်တေနီယမ် သတ္တုတွေအမြောက် အမြားပါဝင်တဲ့သဲတွေကို ပြည်တွင်းအခြေစိုက် ခိုင်ခိုင်ကုမ္ပဏီက တစ်နှစ်နီးပါးကြာအောင် စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org