ဒုတိယဝန်ကြီးအဖြစ် ပြည်ထဲရေး အမြဲတမ်းအတွင်းဝန်ကိုခန့်အပ်

ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးက မနေ့က ခန့်အပ်လိုက်ပါတယ်။

ဦးတင်မြင့် ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြေညာစာကို တွေ့ရစဉ် credit- MOI

ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးက မနေ့က ခန့်အပ်လိုက်ပါတယ်။

ဦးတင်မြင့်ဟာ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရစဉ်က ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းရွေ့ပြီးတဲ့နောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ချုပ်ဖြစ်သူ ဦးတင်မြင့်ဟာ ထွေအုပ်ဌာနကို ကိုင်တွယ်ရမယ့် ဝန်ကြီးဌာနအသစ်ရဲ့ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒုဝန်ကြီး ဖြစ်လာသူ ဦးတင်မြင့်ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးမင်းသူဟာလည်း  စစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org