မောင်တောနယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်နဲ့ သတင်းသမားတွေ တွေ့ဆုံ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ် ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရားပြတ်တောက်စေပြီး ဒေသခံတိုင်းရင်း သားတွေကို အလိုအလျောက်နေရပ်စွန့်ခွာအောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မောင်တောနယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။

ရဲမှူးချုပ် သူရစန်းလွင် က သတင်းသမားတွေနဲ့ တွေ့ဆုံပြီး မောင်တောဖြစ်စဉ်ကို ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲရေးဌာနချုပ်မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က ရှင်းလင်းနေစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရား ပြတ်တောက်စေပြီး ဒေသခံတိုင်းရင်းသားတွေကို အလိုအလျောက်နေရပ်စွန့်ခွာအောင် ရည်ရွယ်လုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ မောင်တော နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။

ဒီနေ့ မောင်တောမြို့နယ် အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျီးကန်းပြင် နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် မှာ ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ RSO အကြမ်းဖက်သင်တန်း တက်ရောက်ထားသူတွေဖြစ်ပြီး ဒေသတွင်းက မွတ်ဆလင်တွေကို စည်းရုံးသိမ်းသွင်းထားတာ တွေ့ရတယ်လို့လည်း ရဲမှူးချုပ် သူရစန်းလွင် က ပြောပါတယ်။

မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ လူပေါင်း ၆၀၉ ဦး ဖမ်းဆီးခဲ့ပြီး ၇၃ ဦးကို အသေတွေ့ရှိခဲ့သလို ၁၀၆ ဦးကို အသီးသီးသီးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မှာ တိုင်းရင်းသားတွေ တိုးပွားလာစေဖို့အတွက် တိုင်းရင်းသားကျေးရွာ ၇ ရွာကို တည်ထောင်ပေး ဖို့ ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့လည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြော ပါတယ်။

မောင်တောမြို့ကို မနေ့က ရောက်ရှိနေတဲ့ ပြည်တွင်း ပြည်ပသတင်းမီဒီယာသမားတွေဟာ ဒီနေ့ မောင်တော မြို့နယ် မြောက်ပိုင်း ဝပိတ်၊ ပြောင်ပိုက်၊ ကြိမ်ချောင်း၊ ငခူရ စတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ကြပါတယ်။

ဒေသခံမွတ်ဆလင်တွေကို တွေ့ဆုံမေးမြန်းချက်အရ အကြမ်းဖက်မှု ကျူးလွန်သူတွေထဲမှာ ဒေသခံမွတ်ဆလင်တွေ ပါဝင်သလို တဖက်ဘင်္ဂလားဒေ့ရှ်ဘက်က မွတ်ဆလင်တွေလည်း ပါဝင်တယ်လို့ ပြောကြပါတယ်။

မောင်တောမြောက်ပိုင်းကို ဖြတ်သန်းသွားရာလမ်းတလျှောက်မှာရှိတဲ့ မွတ်ဆလင်ကျေးရွာတွေမှာ နေအိမ်အတော် များများမှာ လူနေထိုင်မှုမရှိတာကိုလည်း တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org