ဆရာတော် အရှင်ဣဿရိယကို ခြိမ်းခြောက်စာပို့
ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယရဲ့ ဘားအံမြို့မှာရှိတဲ့ကျောင်းကို လက်နက်ကိုင် အဖွဲ့နဲ့ လာဖယ်ရှားခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်စာပို့တယ်လို့ အရှင်ဣဿရိယက မိန့်ကြားပါတယ်။
-
2018-02-23 -
-
-
ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယရဲ့ ဘားအံမြို့မှာရှိတဲ့ကျောင်းကို လက်နက်ကိုင်အဖွဲ့နဲ့ လာဖယ်ရှားခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်စာပို့တယ်လို့ အရှင်ဣဿရိယက မိန့်ကြားပါတယ်။
ဦးသုမန အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာကနေ စာပို့ ခြိမ်းခြောက်တာဖြစ်တယ်လို့ အရှင်ဣဿရိယက မိန့်ကြားပါတယ်။
"အရှင် သုမန ကနေပြီးတော့ စာပို့ထားတာပေါ့နော်။ အင်တာနက်ကနေပြီးတော့။ အဲဒီ ဝီရသူ သတင်းစာရှင်းလင်းပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းကျင်းပလို့ဆိုပြီးတော့ ကရင်ပြည်နယ်က သူတို့ ဆရာတော်ကြီးတွေ သြဝါဒခံပြီးတော့ ကျရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့နဲ့ ဦးဇင်းကျောင်းကို ဖယ်ရှားတော့မယ်ပေါ့နော်။ အဲဒီလိုမျိုးစာလာပို့တယ်။"
အဲဒီလို ခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ သက်ဆိုင်ရာကို တိုင်ကြားထားတာ မရှိသေးပေမယ့် ဥပဒေနည်းလမ်းအတိုင်း ဖြေရှင်းသွားမယ်လို့ မိန့်ကြားပါတယ်။
အင်တာနက်ကနေတဆင့် ခြိမ်းခြောက်စာပေးပို့တဲ့ ဦးသုမန ဆိုသူကို အပြင်မှာလည်း မသိသလို လူမှုကွန်ရက်မှာလည်း သိကျွမ်းမှု မရှိဘူးလို့ ဆရာတော်က အရှင်ဣဿရိယက မိန့်ပါတယ်။
မဘသ ဆရာတော် ဦးဝီရသူကို နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ထားပေမယ့် တရားဟောတဲ့အပြင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သူ ကြည်လင်းရဲ့ ဆရာတော်ဖြစ်တယ်လို့ သူ့ကိုယ်သူ ပြောဆိုခဲ့တဲ့အတွက် အရေးယူပေးဖို့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုဖို့ ဆရာတော်က အရှင်ဣဿရိယက စီစဉ်နေတာဖြစ်ပါတယ်။