သီလဝါ အထူးစီးပွားရေးဇုန် လူလေးသောင်း အလုပ်အကိုင်ရရှိမည်


2014.04.25
thilawa_305 သီလဝါ အထူးစီးပွားရေးဇုန်နေရာကို Google Map ပေါ်မှာမြင်ရစဉ်
Photo: Google Map

ရန်ကုန်တိုင်းဒေသကြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လူပေါင်း လေးသောင်းလောက်ကို အလုပ်အကိုင် ခန့်ထားပေးနိုင်မယ်လို့ သီလဝါ အထူးစီးပွားရေးဇုန် တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အသင်းချုပ်ရုံး UMFCCI မှာကျင်းပတဲ့ သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယာရောင်းချမှု သတင်းစာရှင်းလင်းပွဲမှာ မြန်မာ သီလဝါ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က သတင်းထောက်တွေကို ပြောကြား ခဲ့တာပါ။

"အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပထမဆုံးတော့ ဒီနေ့ နိုင်ငံတကာစံနဲ့ တွက်မယ် ဆိုလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်း လေးသောင်းခန့် ရမှာဖြစ်ပါတယ်၊ ဟက်တာ လေးရာနီး ပါးလောက်ပေါ့နော်၊ အဲဒါကို အကောင်အထည်ဖော်လိုက်ရင် စက်ရုံအလုပ်ရုံတွေလည်ပတ်ရင် အဲဒီစက်ရုံအလုပ်ရုံအတွက် လိုအပ်တဲ့ လုပ်သားအရေအတွက်ကို ပြောမယ်ဆိုရင် လေးသောင်းခန့်ရှိပါတယ်၊ အဲဒီလေးသောင်းဟာ အလုပ်အကိုင်အခွင့်အလမ်းပါ"

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံက ဖက်စပ်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး စီမံကိန်းလုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ရေ၊ မီးနဲ့ အခြားလိုအပ်ချက်တွေကို မြန်မာ သီလဝါ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ က ၂၀၁၅ ခုနှစ် မကုန်ခင်အပြီး အကောင်အထည်ဖေါ်သွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။