မဲဆန္ဒရှင်စာရင်း မှားယွင်း မှုတွေပြင်ဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း
မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတယ် ဆိုပြီး ဝေဖန်နေကြတဲ့အတွက် မဲစာရင်းမှားနေရင်၊ အမည်မပါရင် ပြင်ဆင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ဒီနေ့ ပြော ပါတယ်။
-
2015-09-30 -
-
-
Your browser doesn’t support HTML5 audio
မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတယ်ဆိုပြီး ဝေဖန်နေကြတဲ့အတွက် မဲစာရင်း မှားနေရင်၊ အမည်မပါရင် ပြင်ဆင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ဒီနေ့ ပြောပါတယ်။
အစိုးရဝန်ထမ်းတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ အင်္ဂပူမြို့နယ်က သိမ်ကျောင်းစံ စာသင်တိုက်မှာ ဒီကနေ့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြို့နယ်ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
"မဲစာရင်းတွေ၊ ဘာတွေရောမင်းတို့ဆီမှန်ပြီလား၊ မှန်အောင်တော့မင်းတို့ ဝိုင်းကူပေးရမယ်ထင်တယ်၊ ဝိုင်းပြီးတော့ကန့်ကွက်နေကြတာ၊ မဲစာရင်းတွေ မှားလို့ပြုလို့ဆိုပြီးတော့၊ လွတ်လွတ်လပ်လပ်နဲ့ သွားကြည့်၊ မှားတယ်ဆိုရင်ပြော၊ မပါဘူးဆိုပြော၊ သေတဲ့သူတွေစာရင်းပါနေ တယ်ဆိုပြော၊ အကုန်လုံးကော်မရှင် က ကြေညာထားတာပဲ၊ ဟုတ်တယ်မှတ်လား"
အင်္ဂပူမြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းခွဲနီးပါးရှိပြီး မဲဆန္ဒရှင်စာရင်း မှားယွင်းမှုက ၁၅ ရာခိုင်နှုန်းကျော်တယ်လို့ အင်္ဂပူမြို့နယ်ကော်မရှင် ဥက္ကဌ ဦးမောင်မောင် က ပြောပါတယ်။
"အဲ့ ၁ သိန်းခွဲလောက်မှာ၊ အခုမှားယွင်းမှုဆိုတဲ့အပိုင်းက စာလုံးပေါင်းသတ်ပုံ မှားယွင်းတာရှိတယ် ၊ နောက်မွေးသက္ကရာဇ်တွေ မှားတာရှိမယ်၊ နောက်ပြီးတော့ ကျန်ရစ်ခဲ့တဲ့ လူရှိမယ်၊ သေတဲ့လူ ကပြန်ပါတာမျိုးရှိတယ်၊ ဒီလိုမှားယွင်းမှုဟာ ၁၅ ရာနှုန်းထက် မများဘူး"
အင်္ဂပူမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈ဝ ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာတိုင်းမှာ မဲဆန္ဒရှင်စာရင်းတွေ မထုတ်ပြန်နိုင်ဘဲ ကျေးရွာအုပ်စုကြီး တစ်ခုစီမှာသာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထုတ်ပြန်ကြေညာရက်ကို စက်တင်ဘာ ၃ဝ ရက် ဒီနေ့အထိ ရက်တိုးပေးထားတာဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတနဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်တို့လည်း လိုက်ပါခဲ့ပြီး သမ္မတက ရေဘေး သင့်ဒေသခံတွေ အတွက် ဘုရားဆင်းတုတော်တွေနဲ့ ဆိုလာမီးအိမ်တွေ လှူဒါန်းခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။