သံမဏိနှင်းဆီ အယ်ဒီတာကို သတ်သူ ဖမ်းမိ
2017.04.21

သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ နဲ့ အယ်ဒီတာ ကိုဝေယံဟိန်း သတ်သူကို ဖမ်းဆီးမိပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းထုတ်ပြန် လိုက်ပါတယ်။
အသတ်ခံရတဲ့ အယ်ဒီတာ ကိုဝေယံဟိန်းဟာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးနဲ့ လူမှုရေး ဖေါက်ပြန်တာကြောင့် အမျိုးသားဖြစ်သူက သံမဏိနှင်းဆီရုံးခန်းမှာ သတ်လိုက်တာလို့ ဖေါ်ပြပါရှိပါတယ်။
ပြစ်မှုကျူးလွန်သူတွေလို့ ယူဆရတဲ့ အောင်ကိုကိုနဲ့ ဇနီးဖြစ်သူတို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ပြင်ဦးလွင်မြို့ နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က သံမဏိနှင်း ဆီဂျာနယ်တိုက်မှာ ထုတ်ဝေသူ ကိုဝေယံဟိန်းဟာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။