ဖွဲ့စည်းပုံပြင်ရေး သာကေတနဲ့ သင်္ဃန်းကျွန်းမှာ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ရန်ကုန်တိုင်း သာကေတ မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဒီနေ့ဆန္ဒပြကြမယ်လို့သိရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ် ဖတ်နေသူတစ်ဦးပုံ photo: RFA/ Kyaw Zaw Win

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေမှာ ဒီနေ့ဆန္ဒပြကြမယ်လို့သိရပါတယ်။

သာကေတမြို့နယ်မှာတော့ အခုမနက် ၇ နာရီခွဲမှာ အမှတ် ၁ ဈေးအနီးက စတင်လူစုပြီး ထွက်ခွာ မှာဖြစ်တယ်လို့ သာကေတမြို့နယ်မှာနေထိုင်သူ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းနှင်းမွှေး က  ပြောပါတယ်။

ဒီဆန္ဒပြပွဲကို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားတဲ့ နိုင်ငံရေးပါတီဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေ ပူးပေါင်းဆောင်ရွက်ကြတာလို့ဆိုပါတယ်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ဒီနေ့မွန်းလွဲ ၃ နာရီကနေ ၆ နာရီ ထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြကြမယ်လို့ စီစဉ်သူတွေက လက်ကမ်းစာစောင် ဝေငှထားပါတယ်။ သူတို့ကတော့ သံသုမာလမ်း စံပြရပ်ကွက် ၆ လမ်းထိပ်ကနေစပြီး ချီတက်မယ်လို့ဆိုပါတယ်။ အခုဆန္ဒပြပွဲနှစ်ပွဲစလုံးဟာ သက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးသားဖြစ်တယ် လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org