ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ မဖွယ်မရာလုပ်သူကို ထောင် ၆ လချမှတ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြု လုပ်ပြီး ဖေ့ဘွတ်စ်မှာ ဖေါ်ပြခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက ကန်ကြီးထောင့်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၆ လ စီရင်ချမှတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုလုပ်ပြီး ဖေ့ဘွတ်စ်မှာ ဖေါ်ပြခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကန်ကြီးထောင့်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၆ လ စီရင်ချမှတ်လိုက်ပါတယ်။

ဦးသန်းထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ ပေါ်လွင်တယ်ဆိုပြီး မြို့နယ်တရားသူကြီးက အမိန့်ချခဲ့တာ ဖြစ်တယ်လို့ ကန်ကြီးထောင့်မြို့နယ် တရားရုံးကို ဒီနေ့ တက်ရောက်ခဲ့တဲ့ တရားလိုဖြစ်သူ အန်အယ်လ်ဒီပါတီဝင် ဦးစည်သူမောင် က ပြောပါတယ်။

"ဦးသန်းထွန်းဟာ ဒီအကောင့်ကို အသုံးပြုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်စော်ကားတယ် ဆိုတာ ပေါ်လွင်ပါတယ်၊ ဒါကြောင့် တရားသူကြီးက ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့ပါတယ်၊"

ဦးစည်သူမောင် က ဦးသန်းထွန်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ဓါတ်ပုံတွေကို မဖွယ်မရာ ပြု လုပ်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အရေးယူခံထားရသူ ၄ ဦး ရှိရာမှာ ၃ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org