သခင်ကိုယ်တော်မှိုင်းဂူဗိမာန် စောင့်ရှောက်ရေး အလှူငွေ ၁၄၅ သိန်းရရှိ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ၂ဝ၁၂ ခုနှစ် ငွေစာရင်းရှင်းတမ်းနဲ့ အလှူရှင် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။
-
2013-01-08 -
-
-
ရန်ကုန်မြို့ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ဖြစ်ပါသည်။
RFA
ပြီးခဲ့တဲ့နှစ်က ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အလှူငွေ စုစုပေါင်း ၁၄၅ သိန်း ရရှိခဲ့သလို၊ ဒီငွေတွေကို စာကြည့်တိုက်၊ ဆရာကြီးရဲ့ဇာတိမြေက ပြတိုက်နဲ့ စာအုပ်စာတမ်း ပုံနှိပ်ထုတ်ဝေမှုတွေမှာ သုံးခဲ့တယ်လို့ ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးမှူး ဦးထွန်းဝင်းငြိမ်း က RFA ကိုပြောပါတယ်။
ဒီအခန်းအနားမှာ စုစုပေါင်းအလှူရှင် ၇ဝကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကြိုးပမ်းခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆက်အဖြစ်၊ လက်ရှိကာလမှာဖြစ်နေတဲ့ ကချင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးပန်ကြားလွှာတစောင်လဲ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။