ထိုင်းလူငယ် ၄ ယောက် ထပ်မံကယ်ထုတ်နိုင်


2018.07.09
thai-children-helicopter-622.jpg ကလေးတွေကို သယ်ဆောင်တဲ့ ထိုင်းရဟတ်ယာဉ်ကို ၂ဝ၁၈ ဇူလိုင်လ ၉ ရက်နေ့ညက တွေ့ရစဉ်
Photo: REUTERS

ထိုင်းနိုင်ငံ မယ်ဆိုင်အနီး ထမ့်လုံလိုဏ်ဂူထဲမှာ ကျန်ရှိနေတဲ့ ထိုင်းလူငယ် ၉ ယောက်ထဲက ၄ ယောက်ကို မနေ့ ညနေပိုင်းက ထပ်မံ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေး ရေငုပ်သမား ၁၈ ဦးက ဂူထဲကို ဝင်ရောက်ကယ်ထုတ်လာခဲ့တာပါ။

ပထမနေ့က လူငယ် ၄ ယောက်ကို ကယ်ထုတ်နိုင်ခဲ့လို့ အခုထိ ကလေး ၈ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ ဂူထဲမှာ ၅ ဦး ကျန်နေပါသေးတယ်။

ကယ်ထုတ်ခဲ့တဲ့ ကလေးတွေ ကျန်းမာရေးကောင်းမွန်ပြီး ထမင်းစားနိုင်နေပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနေ့ညက ထမ့်လုံလိုဏ်ဂူကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ရောက်ရှိလာခဲ့ပြီး၊ ပါဝင်ကူညီသူ အားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း၊ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေအတွက်လည်း ဂုဏ်ပြုပါကြောင်း၊ အားလုံး အတွက် ဂုဏ်ယူစရာ ဆောင်ရွက်ချက်တွေဖြစ်ပေမယ့် လုပ်ငန်းက မပြီးဆုံးသေးကြောင်း ပြောကြားခဲ့တယ် လို့ သိရပါတယ်။

ဒီအတွင်း လာမယ့်ရက်တွေမှာ မိုးအသည်းအထန် ရွာသွန်းဖွယ်ရှိတယ်လို့ မိုးလေဝသဌာန က ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။