ထိုင်းနိုင်ငံရောက် နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ရက် ကုန်ဆုံးသွား
2012.12.14

မှတ်ပုံတင်ရက်ကို တိုးမြှင့်ပေးဖို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူတွေက မေတ္တာရပ်ခံပေမယ်လို့လဲ ထိုင်းအစိုးရက လက်မခံပယ်ချလိုက်တယ်လို့ The Bangkok Post က ရေးလိုက်ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး Padermchai က နောက်ဆုံးသတ်မှတ်ရက်ကို ၆ ကြိမ်တိုင်တိုင် ရွေ့ဆိုင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ပြောသွားပါတယ်။
အခုလို စာရွက်စာတမ်း အထောက်အထားအားလုံးကို သောကြာနေ့ နောက်ဆုံးထားပြုလုပ်ဖို့ ပျက်ကွက်ခဲ့ရင်တော့ မိမိတို့မူရင်းဌာနေကို ပြန်ပို့တာ့မှာဖြစ်တယ်ဆိုတာကိုပါ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။
Samut Sakhun ငါးလုပ်ငန်းခရိုင်ဟာ ထိုင်းပင်လယ်ကွေ့အနီးက ခရိုင်တစ်ခုဖြစ်ပြီး ဘန်ကောက်နဲ့ မ်ိုင် ၁၀၀ ခန့်ဝေးပါတယ်။ အဲဒီက ရွေ့ပြောင်းအလုပ်သမားအများစုဟာ မြန်မာတွေဖြစ်ပါတယ်။
TCC ထိုင်းကုန်သည်ကြီးများအသင်းကတော့ ထိုင်းဝန်ကြီးချုပ်ကို အခုလို ရွေ့ပြောင်းအလုပ်သမားတွေ အစုလိုက်ဌာနေပြန်ပို့တယ်ဆိုရင် ထိုင်းနိင်ငံအနှံ့ လုပ်အားလျော့နည်း ပြတ်တောက်သွားနိင်စရာရှိကြောင်း ပန်ကြားပြောဆိုထားပါတယ်။