ထိုင်းရောက် ရှမ်းတွေကို ဇာတိမြေပြန်ဖို့ ဒေါက်တာ စိုင်းမောက်ခမ်း တိုက်တွန်း


2016.05.13
saimaukkhan-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း ကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံရောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဒုသမ္မတဟောင်း လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း ဟာ မေလ ၁၂ ရက်နေ့ မနေ့ညနေပိုင်းက ချင်းမိုင်မြို့မှာရှိတဲ့ ဝပ်ပါပေါက် ရှမ်းဘုန်းတော်ကြီးကျောင်းမှာ ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသား ၈၀ ခန့်နဲ့ တွေ့ဆုံခဲ့ပြီး သူရဲ့လုပ်ဆောင်မှုတွေကို ရှင်းပြခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားတွေကလည်း သူတို့သိလိုတာတွေကို အပြန် အလှန် မေးမြန်းခဲ့ကြပါတယ်။

ဒေါက်တာ စိုင်းမောက်ခမ်း က ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထိုင်းနိုင်ငံတွင်း လေ့လာသင်ယူ ထားရမှုတွေ အသိပညာ အတတ်ပညာတွေနဲ့ ရှမ်းပြည်မှာ ပြန်လာလုပ်ကြဖို့အတွက် ရှမ်းဘာသာစကားနဲ့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သူ့ပြောစကားနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ဒေါက်တာ စိုင်းမောက်ခမ်း ခုလို ပြန်လည်ပြောကြား ပါတယ်။

"ဒီဘက်မှာလာပြီးတော့မှ အလုပ်လုပ်တယ်ဆိုတော့ သူတို့က တကယ်လို့ ဒီမှာ ပညာတွေသင်ရတယ် ဆိုလို့ရှိရင် ဟိုမှာလည်း ပြန်သွားပြီးတော့ အကျိုးပြုဖို့ အဲ့ဒါ ပြောတာပါ"

ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မဟာ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါရဂူ Honorary PhD ဘွဲ့ကို မေလ ၁၅ ရက်နေ့ သွားရောက်ရယူမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ USDP ယခင်အစိုးရလက်ထက်မှာ ဒုသမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ USDP ပါတီရဲ့ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။