Thai Union Group PCI က ရေဘေးအတွက် ပစ္စည်းတွေလှူဒါန်း

Thai Union Group ကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရစဉ်
Thai Union Group ကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရစဉ် (Photo: Thai Union Group - Twitter)

မြန်မာနိုင်ငံက ရေဘေးဒုက္ခ ကြုံတွေ့နေရသူတွေအတွက် ထိုင်းနိုင်ငံ ရဲ့ ရေထွက်ပစ္စည်းကုမ္ပဏီကြီးဖြစ်တဲ့ Thai Union Group PCI က အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်း အထုပ်ပေါင်း ၄၀၀ လှူဒါန်းခဲ့ပါတယ်။

အဲဒီ အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းထုပ်တွေထဲမှာ ရေပုလင်းတွေ၊ ငါးမျိုးစုံ၊ ဆန် နဲ့ မုန့်မျိုးစုံ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီလှူဒါန်းတဲ့အစီအစဉ်မှာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်၊ အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးကွန်ရက် တို့လည်း ပါဝင်ကြပါတယ်။

Thai Union Group PCI ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်စာလုပ်ငန်းတွေထဲမှာ ပါဝင်ပြီး သက်တမ်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ နှစ်စဉ် ရောင်းချရတဲ့ ပင်လယ်စာ အစားအသောက်မျိုးစုံ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် ရှိပါတယ်။ ကမ္ဘာတဝှမ်း အလုပ်သမား ၅ သောင်းနီးပါး နဲ့ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။