ထိုင်း PTT စွမ်းအင် ကုမ္ပဏီ ဒေါ်လာသန်းထောင်ချီ ရင်းနှီးမြှုပ်နှံဖို့ စောင့်ဆိုင်း
2014.04.11

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစွမ်းအင်လုပ်ငန်းတစ်ခုဖြစ်တဲ့ PTT အများပိုင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံလိုပေမယ့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ထံက ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ ထွက်ပေါ်မလာသေးတာကြောင့် စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
PTT ကုမ္ပဏီဟာ ထိုင်းဘတ်ငွေ သန်း ၁၃၀၀ ရင်းနှီးမြှုပ်နှံပြီး၊ မြန်မာနိုင်ငံမှာ ဓါတ်ဆီအရောင်းဆိုင် ၅၀ ဖွင့်လှစ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ နေပြည်တော်မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်နဲ့ ရန်ကုန်မှာ ဓါတ်ဆီ သိုလှောင်ရုံတစ်ရုံ ဖွင့်လှစ်ထား ပြီး ဖြစ်ပါတယ်။
မနေ့က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ PTT ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်များ အစည်းအဝေးမှာ ကုမ္ပဏီ ဒုတိယ ဥက္ကဌ အောတာပိုး (Auttapol)က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်မချရသေးကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံရေးကော်မရှင်ထံက ရှင်းလင်းတဲ့မူဝါဒတွေ ပေါ်ထွက်လာတဲ့အထိ စောင့်ဆိုင်းနေရ ဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
PTT ကုမ္ပဏီဟာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ထိုင်းဘတ် ငွေ သန်း ၃၀၀၀ ရင်းနှီးမြှုပ်နှံပြီး၊ ဓါတ်ဆီအရောင်းဆိုင်တွေ တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။