ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်ပရာယု မြန်မာနိုင် ငံရောက်ရှိ
2014.10.09

ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချားဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ၂ ရက်ကြာ မြန် မာနိုင်ငံခရီးကို ဒီကနေ့ စတင်လိုက်ပါတယ်။
မြန်မာခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှုတွေကို ၂ ဆတိုးဆောင်ရွက်နိုင်ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံကိုမထွက်ခွာ ခင် ဘန်ကောက် စစ်လေယာဉ်ဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က ပြော ပါတယ်။
ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေအရ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စတွေအပြင် ခိုတောင်းကျွန်း လူသတ်မှုအတွက် တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၂ ဦးအရေးဟာလည်း ၂ နိုင်ငံခေါင်းဆောင်တွေအကြား အရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ် ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာသမ္မတရံုံးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားဥပဒေအရ မျှမျှတတ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို သမ္မတဦးသိန်းစိန်က မေတ္တာရပ်ခံဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။
တချိန်ထဲမှာလည်း ထိုင်းဝန်ကြီးချုပ်ခရီးစဉ်မှာ ခိုတောင်းကျွန်းက မြန်မာအလုပ်သမား ၂ ဦးအရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြဖို့ ရန်ကုန်မြို့ခံတချို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြတောင်းခံရမှာ ၂ နိုင်ငံချစ်ကြည်ရေး ထိခိုက်မှာ စိုးတဲ့အတွက် ခွင့်ပြုဖို့ ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြား ဘယ်လိုကိစ္စတွေကို အဓိကဆွေးနွေးကြဖို့ ရှိသလဲ၊ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးအတွက် ဘယ်လောက်အရေးပါသလဲဆိုတဲ့ အခြေအနေတွေနဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက တင်ပြထားပါတယ်။