ထိုင်းလူသတ်မှု DNA ဖမ်းဆီးခံ မြန်မာတွေနဲ့ မတူ

ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာအလုပ် သမားလေးဦးရဲ့ DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားလေးဦးကို တွေ့ရစဉ် Photo: Htoo Chit/ Facebook

ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားလေးဦးရဲ့  DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။

အသတ်ခံရတဲ့ကျောင်းသူရဲ့ လက်သည်းကြားမှာကျန်ရှိခဲ့တဲ့ အသားစနဲ့ မြန်မာလုပ်သား လေးဦးရဲ့ DNA ကို စစ်ဆေး ရာမှာ အခုလို ကွဲလွဲမှုကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန် မာနိုင်ငံသားများ ကွန်ရက်အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

"အစိုးရတင်ထားတဲ့ သက်သေတွေကိုလည်းမေးတယ်၊ လူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းရှေ့နေတွေကနေ ပြီးတော့ တောင်းထားတဲ့ မျိုးရိုးဗီဇပေါ့၊ DNA အဖြေကိုလည်းရှေ့နေတွေကပြောပါတယ်၊ လူသတ်မှုမှာ သုံးစွဲခဲ့တဲ့ တုတ်၊ ဓား၊ လက်နက်တွေမှာရော နောက်ပြီးတော့ သေဆုံးသွားတဲ့ကောင်မလေးရဲ့လက်ထဲ မှာပေါ့၊ သူကမသေခင်မှာ ပြန်ပြီးတော့ ခုခံတဲ့အချိန်မှာ သူ့လက်သည်းထဲမှာအသားစ၊ ဘာညာရှိတယ်ဆို တာကိုစစ်တယ်၊ ဖမ်းခံထားရ တဲ့ မြန်မာကလေး ၄ ယောက်နဲ့ လုံးဝ DNA မတူဘူးဆိုတာအဖြေရထားတယ်"

အဲဒီအမှုကို မနေ့က ထိုင်းတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ထိုင်းရဲတွေဘက်က တရားလိုပြ သက်သေအဖြစ် တင်သွင်းထားတဲ့ မှုခင်းဖြစ်ပွားရာနေရာအနီးမှာ နေထိုင်သူ မြန်မာ အမျိုးသမီး တစ်ဦးနဲ့ ထိုင်း အမျိုးသမီးတို့ကလည်း ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လေးဦးသတ်တာ မဖြစ်နိုင်ကြောင်းထွက်ဆိုခဲ့ကြတယ် လို့ ဦးထူးချစ် က ပြောပါတယ်။

အဲ့ဒီလူသတ်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ အမှုဖြစ်ပွားပြီး တစ်လအကြာမှာ မြန် မာအလုပ်သမား လေးဦးကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ လုယက်မှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org