ထိုင်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ လာရောက်မည်

ထိုင်း ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ကို တွေ့ရစဉ်
ထိုင်း ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ကို တွေ့ရစဉ် (.)

ထိုင်း ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ဦးဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

အယောက် ၄၀ ပါဝင်မယ့် ထိုင်း စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာကုန်သည်ကြီးများအသင်း နဲ့ ဆွေးနွေးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဆင့်ခွန်-မြိတ်၊ ဖူနန်ရွန်- ထားဝယ် လမ်းပိုင်းတွေ ကောင်းမွန်ရေးအပါအဝင် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေအပြင် မဲဆောက်နဲ့ မြဝတီ အထူးစီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်ရေးကိစ္စကိုလည်း ဆွေးနွေးမယ်လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌက ပြောပါတယ်။