မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပြောကြားမယ်
အောက်တိုဘာလ (၅) ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်းလတ်ဟာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
-
2011-09-27 -
-
-
ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် သူတို့ထိုင်းအစိုးရက အကူအညီ ပေးသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Thitima Chaisang က RFA ကို ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ၂၀၁၄ခုနှစ်မှာ အာဆီယံ ဥက္ကဌနိုင်ငံအဖြစ် ဆောင်ရွက်မယ့်ကိစ္စကိုလည်း ထိုင်းအစိုးရက သဘောတူပါတယ်လို့ RFAက သီးသန့် ဆက်သွယ် မေးမြန်းစဉ်မှာ Ms. Chaisang က ပြောပါတယ်။
ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Thitima Chaisang ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |