ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် သူတို့ထိုင်းအစိုးရက အကူအညီ ပေးသွားမယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Thitima Chaisang က RFA ကို ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ၂၀၁၄ခုနှစ်မှာ အာဆီယံ ဥက္ကဌနိုင်ငံအဖြစ် ဆောင်ရွက်မယ့်ကိစ္စကိုလည်း ထိုင်းအစိုးရက သဘောတူပါတယ်လို့ RFAက သီးသန့် ဆက်သွယ် မေးမြန်းစဉ်မှာ Ms. Chaisang က ပြောပါတယ်။ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Thitima Chaisang ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
0:00 / 0:00