ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးကို တမူးမှာ ဖမ်းဆီးစစ်ဆေး


2019.05.30
bangladesh-tamu-622.jpg တမူးမြို့နယ်မှာဖမ်းမိတဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးနဲ့ မြန်မာနိုင်ငံသူ ၁ ဦးကို တွေ့ရစဉ်
ဓါတ်ပုံ - ရဲဇာနည်

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦး ကို တမူးမြို့နယ် ရဲစခန်းက ဖမ်းဆီးရမိထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေလ ၂၈ ရက်နေ့က တမူးမြို့နယ် မန်မော်ကျေးရွာအထွက် တမူး-ကလေးကားလမ်းမပေါ်မှာ မန္တလေးမြို့ကို သွားမယ့်ကားတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာစစ်ဆေးနေတယ်လို့ တမူးမြို့နယ်ရဲစခန်းက အမှုစစ်အရာရှိဒု-ရဲအုပ် လှဆန်းဝေ က RFA ကိုပြောပါတယ်။

သူတို့ ၁၀ ဦးကို ဒေါ်ကေသီနွယ် ဆိုသူက ဦးဆောင်ခေါ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်- ဗုဒ္ဓဘာသာတွေဖြစ်တယ်လို့ ရဲစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သူတို့ ၁၀ဦးကို တောင်သူတွေလို့ ဖော်ပြထားပြီး ခေါ်ဆောင်လာတဲ့ ဒေါ်ကေသီနွယ်ကတော့ တမူးမြို့မှာနေထိုင်သူဖြစ်တယ်လို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။

သူတို့အားလုံးကို မြန်မာနိုင်ငံတွင်း တရားမဝင်ဝင်ရောက်လာတဲ့အတွက် လဝကအက် ၁၃(၁)၊ ၁၃ (၅) နဲ့ အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။