တီးတိန်မြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက်၊ ပျက်စီးဆုံးရှုံးမှုများ

2021.05.28
တီးတိန်မြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက်၊ ပျက်စီးဆုံးရှုံးမှုများ ချင်းပြည်နယ် တီးတိန်မြို့က ဗုံးပေါက်ကွဲတဲ့ မြို့နယ်ပညာရေးမှူးရုံးကို ၂၀၂၁ မေ ၂၈ရက်နေ့က တွေ့ရစဉ်
Photo: CJ
မေလ ၂၇ ရက် မနေ့ညပိုင်းက၊ ချင်းပြည်နယ် တီးတိန်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ ဗုံးပေါက်ကွဲပြီး ရုံးအဆောက်အအုံ ပျက်စီးထိခိုက်မှု များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒေသခံတစ်ဦးက "မနေ့ည ၇နာရီခွဲလောက်မှာ ဗုံးပေါက်သံကြားရတယ်။ အဲတာ ညပိုင်းဆိုတော့ ဘယ်သူ့မှ အပြင်မထွက်ရဲကြဘူး။ မနက်ကျမှ တီးတိန်မြို့နယ် ပညာရေးမှူးရုံး ဖြစ်နေတာ။ အပျက်အစီးတော့ တော်တော်များတယ်" လို့ RFAကို‌ ပြောပါတယ်။
 
‌ဗုံးကွဲမှု‌ကြောင့် ပညာရေးမှူးရုံး တံခါး‌ပေါက်၊ အမိုးနဲ့ ကြမ်းခင်းတွေ ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။
 
မေလ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ် ဖလမ်းမြို့ရှိ အ‌မှတ် (၂) အ‌ခြေခံပညာ အထက်တန်းကျောင်းနဲ့ အမှတ် (၅) အ‌ခြေခံပညာ အလယ်တန်းကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး၊ အပျက်အစီး တချို့ ရှိခဲ့ပါတယ်။
 
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ အာဏာဖီဆန်ရေး CDM ပါဝင်တဲ့ ကျောင်းဆရာ/ဆရာမနဲ့ ပညာရေး ဝန်ထမ်း ၁၀၈၇ ဦးကို စစ်ကောင်စီက အလုပ်ကနေ ထုတ်ပယ်‌ကြောင်း၊ ချင်းပြည်နယ် ပညာရေးမှူးရုံးက မေလ ၂၁ ရက်နေ့က အမိန့်စာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ 
 
လက်ရှိ ချင်းပြည်နယ်မှာ ကျောင်းဆရာ/ဆရာမ ဦးရေ ၉၆၆၇ ဦးရှိပြီး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တာ‌ကြောင့် အလုပ်ထုတ်ခံရသူ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။