နိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် ညီလာခံ စတင်
2015.05.02

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် ညီလာခံက သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား ကျောင်းသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မန္တလေးမြို့ Hazel ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပတဲ့ ညီလာခံအခမ်းအနားမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်(ယာယီ) ဥက္ကဌ ဦးသုတက ကျောင်း သား ကျောင်းသူတွေကို လွှတ်ပေးရေးအတွက် ပြောခဲ့ တာဖြစ်ပါတယ်။
"သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့လည်း ကျနော်တို့ လက်မှတ်ထိုးထားတယ်၊ ကျောင်းသားတွေကို ဘာမှမလုပ်ဘူးဆိုပေမဲ့လည်း ဒါပေမဲ့ ဒီလက်ပံ တန်းဖြစ်စဉ်မှဆိုရင် လုံခြုံရေးအင်အား အလွန် အကျွံသုံးတယ်၊ ပြီးတော့ တာဝန်ယူမယ့်သူမရှိဘူး ပြီးတော့ တာဝန်ခံမယ့်သူလည်းမရှိဘူး၊ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အခုအချိန်အထိလည်း အဖြေမထွက်သေးဘူး၊ အဲ့ဒီတော့ ကျနော်တို့က ဒီကျောင်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီးတော့ လက်ရှိအမျိုးသားပညာရေးဥပဒေပေါ့နော်၊ လွှတ်တော်မှာဆွေးနွေးတဲ့အခါမှာ ကျနော်တို့ ဆရာများအဖွဲ့ချုပ် ကိုလည်း သီးခြားဖိတ်ပေးဖို့လို့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ် တဲ့ ပြည်ထောင်စုလွှတ်တော်ကိုရော ကျနော် လေးလေးနက်နက် တိုက်တွန်းတောင်းဆိုလိုပါတယ်"
အဲ့ဒီညီလာခံကို ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ ပြင်ပ ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမ စုစုပေါင်း ၃ဝဝ လောက် တက်ရောက်နေကြပါတယ်။
ညီလာခံကို တက်ရောက်လာသူတွေက လက်ရှိပြဌာန်းထားတဲ့ သင်ရိုးညွှန်းတန်းတွေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းနဲ့ လက်ရှိပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို ဆွေးနွေးကြပါတယ်။
၂ ရက်ကြာကျင်းပမယ့် ညီလာခံမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်(ယာယီ) ကို ဖျက်သိမ်းပြီး အဖွဲ့ချုပ်အသစ်ကို ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်(ယာယီ) အဖွဲ့ဝင် ဦးသန်းထိုက်အောင်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။