ရာထူးတိုး စာမေးပွဲဖြေဆိုရေး ဆရာ ဆရာမများ ကန့်ကွက်


2016.05.08
teachers-organization-620.jpg မန္တလေးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က မေလ ၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဓါတ်ပုံ - ဆရာဆရာမများ အဖွဲ့ချုပ်

တစ်နိုင်ငံလုံးက မူလတန်းပြဆရာ၊ ဆရာမတွေ ရာထူးတိုးစာမေးပွဲ ဖြေဆိုရမယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက် ကို ပြန်လည် ရုပ်သိမ်းပေးစေလိုကြောင်း ဆရာ ဆရာမတွေက တောင်းဆိုလိုက်ပါတယ်။

မန္တလေးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်း ဆိုတာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ သွားရောက်ညှိနှိုင်းရာမှာ စာမေးပွဲမဖြေခိုင်းတော့ဘူးလို့ နှုတ်နဲ့ ပဲ ပြောဆိုလိုက်ပြီး စာမထုတ်ပြန်ပေးတာကြောင့် အခုလို တောင်းဆိုတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသုတ က ပြောပါတယ်။

"စာမေးပွဲဖြေတာကို လက်မခံဘူး၊ ကျနော်များ ဆရာများအဖွဲ့ချုပ်အနေနဲ့ရော၊ အခုလက်ရှိ အခြေခံက ဆရာ၊ ဆရာမတွေအနေနဲ့ရော၊ ဘာကြောင့်စာမေးပွဲဖြေတာကို လက်မခံသလဲဆိုတော့ ကျနော်တို့မှာ ခိုင်မာတဲ့အကြောင်းပြချက်ရှိပါတယ်လို့၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို စာမေးပွဲနဲ့ စစ်ဆေးလို့ မရပါဘူး၊ ကျနော်တို့က စာမေးပွဲမဖြေဆိုရကြောင်း ကြေညာချက်ပေါ့နော် ပြန်ပြီးထုတ်ပေးရမယ်၊ အဲ့ဒါမျိုးကို လိုချင်တာ"

မူလတန်းပြ ဆရာ၊ ဆရာမတွေဟာ အလယ်တန်းပြအဖြစ် ရာထူးတိုးလျှောက်ထားမယ်ဆိုရင် စာမေးပွဲဖြေဆိုရ မှာဖြစ်ပြီး လာမယ့် မေလ ၁၂ ရက်နေ့မှာ စာမေးပွဲ စတင်ဖြေဆိုရမယ်လို့ ပညာရေးဝန်ကြီးဌာနက စာထုတ်ပြန် ထားပါတယ်။

တစ်နိုင်ငံလုံးမှာ မူလတန်းပြ ဆရာ ဆရာမ တစ်သိန်းဝန်းကျင်ရှိပြီး ရာထူးတိုးစာမေးပွဲကို လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ ဆရာ ဆရာမ ၉ ထောင်ကျော် ရှိပါတယ်။

ကန့်ကွက်ထားတဲ့ ဆရာ ဆရာမတွေက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ထံ စာပေးပို့ထား တာဖြစ်ပြီး အဖွဲ့ချုပ် တာဝန်ရှိသူတွေက ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။