သစ်ချောထည် စက်ရုံ အလုပ်သမားသပိတ်ဆင်နွဲှ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား(၂၀၀)ကျော်ဟာ တောင်းဆိုထားတဲ့ အချက် (၅) ချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောမချင်း နေ့ရောညပါ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် သုံးရက်မြောက်ရှိသွားပြီလို့ သိရပါတယ်။
-
2012-10-27 -
-
-
ဆန္ဒပြတောင်းဆိုတဲ့ အချက်တွေက စက်ရုံအလုပ်သမားတွေကို အလုပ်ရှင်ဘက်က လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်းထုတ်ပေးဖို့၊ အလုပ်သမားတွေကို အသိမပေးဘဲ စည်းကမ်းချက်တွေကို မထုတ်ပြန်ဖို့နဲ့ အလုပ်သမားတွေကို အသိမပေးဘဲ တစ်ခြားစက်ရုံခွဲတွေကို မပိုဖို့ စတဲ့ အချက်တွေကို တောင်းဆိုတာ ဖြစ်ပါတယ်။
ဆန္ဒပြတောင်းဆိုတာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက် ဖြစ်ပြီး ဒီတစ်ကြိမ်တောင်းဆိုမှုဟာ အချိန်အကြာဆုံးဖြစ်ပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က အကြိမ်ကြိမ် ချိုးဖောက်နေတဲ့ အတွက် ထပ်မံဆန္ဒပြရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့ ဦးဝိစာရလမ်းမပေါ်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီရုံးချုပ်ရှေ့မှာ တော်ဝင်သစ်အချောထည် စက်ရုံက အလုပ်သမား (၅၀၀)နီးပါးလောက် သွားရောက်ဆန္ဒပြခဲ့ကြတဲ့အတွက် ဆန္ဒပြအလုပ်သမား ခေါင်းဆောင်(၇)ဦး ကို ပုဒ်မ(၁၈)နဲ့ စမ်းချောင်းရဲစခန်းက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။