တောင်ငူမှာ ဆန္ဒပြခဲ့တဲ့ကျောင်း သားတွေ ပုဒ်မ ၁၈ နဲ့အရေးယူခံရ


2014.11.29
taungnoo-students-protest-305 အမျိုးသားပညာရေးဥပဒေကို တောင်ငူမြို့မှာ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြစဉ်
photo:Min Thawe Thit facebook

အမျိုးသားပညာရေးဥပဒေကို တောင်ငူမြို့မှာ မနေ့က သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျောင်း သားခေါင်းဆောင် ၆ ဦးကို ခွင့်ပြုချက်မရှိပဲဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ရဲကအမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအ ဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ ကိုအောင်ထက်၊ ကိုအောင်ကိုခန့်၊ ကိုမြတ်သူ၊ ကိုအောင်နေပိုင်နဲ့ကိုမင်းမင်းဇော်တို့ကို အမှှုဖွင့်လိုက်တာပါ။ ဒီလိုအမှုဖွင့်လိုက်တဲ့အတွက် ရဲစခန်းကိုလိုက်ပြီး အာမခံယူဖို့ပြောပေမယ့် ကျောင်း သားတွေက အာမခံမယူပဲအဖမ်းခံမယ့်အကြောင်း ပြန် လည်ပြောဆိုပေမယ့် ရဲကမဖမ်းသေးပဲ အထက်အရာ ရှိတွေ တင်ပြဦးမယ်လို့ သာပြောတယ်လို့ ဗကသများ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကိုပြောပါတယ်။

"တရားစွဲတာလာပြီးတော့ အကြောင်းကြားတယ်၊ ပြီးတော့ ဒီနေ့ ကျနော်တို့ကို အဖမ်းပြမယ်ပေါ့၊ ချက်ချင်းပြန်ပြီးတော့ အာမခံလုပ်ပေးမယ်ပေါ့၊ ကျနော်တို့အနေနဲ့ကတော့ ဖမ်းမယ်ဆိုရင် တခါတည်းဖမ်းပေါ့ အာမခံမယူနိုင်ဘူး၊ ပြီးတော့ ရုံးချိန်းလည်းမလာနိုင်တဲ့အတွက် ပြောလိုက်တယ်၊ သူတို့အထက်ကို ပြန်ပြီးပြောပြပေးမယ်ဆိုပြီး ဖုန်းဆက်တယ်၊ ပြီးတော့မှ ရုံးချိန်းကို ရက် ၆ဝ ကျော်သွားပြီးတော့မှ အားတဲ့ရက်တစ်ရက် ဖုန်းလှမ်းဆက်ပါဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့က ဖမ်းချင်လည်းဖမ်း ကျနော်တို့က လက်မှတ်ထိုးတာတွေ လုပ်မှာမဟုတ် ဘူးပြောတော့ နောက်ကျတော့ သူတို့ပြန်သွားပါတယ်၊ အဲ့ဒါနဲ့ ကျနော်တို့လည်း ပြန်လာခဲ့လိုက်တယ်"

အမျိုးသားပညာရေးဥပဒေဟာ အရင်ပညာရေးစနစ်အတိုင်း ဗဟိုချုပ်ကိုင်မှုများနေပြီး၊ တိုင်းရင်းသား တွေအပါ အဝင် ကျောင်းသားအားလုံးရဲ့ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ပေးမယ့်  အချက်တွေ မပါဝင်တဲ့ အတွက် ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။