တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား တောင်းဆိုချက်လိုက်လျော

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်က ဒီကနေ့သဘောတူ လိုက်ပြီလို့သိရပါတယ်။

2012.03.31
taiyi-victory-b305 ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြနေကြစဉ်။
RFA

တိုင်းရုံးက ဆုံးဖြတ်ချက် ချမပေးတဲ့ အပေါ် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြ ကြတဲ့ အလုပ်သမားတွေကို ရဲတွေက ရိုက်နှက်ခဲ့ကြတဲ့နောက်ပိုင်း အခုလို သဘောတူ ခဲ့တာပါ။

မနေ့ညနေက အလုပ်သမားကိုယ်စားလှယ်များ၊ သမဂ္ဂအမှုဆောင်များ၊ အလုပ်ရှင်တို့ ညှိနှိုင်းပြီး မူလတောင်းဆိုထားတဲ့အတိုင်း တစ်နာရီ ၁၂၀ ကျပ်၊ အိုဗာတိုင်ရက်ကို တရက်ကို ၄ နာရီနဲ့ တလလုံးမှာ ရက်တိုးပြီး ၁၈ ရက် ခွင့်ပြုကြောင်း၊ ရက်မှန်ကြေးကိုလည်း တစ်ထောင်ထပ်တိုးပြီး ၇ ထောင်ရမှာ ဖြစ်ကြောင်း၊ သဘောတူညီချက်အရ အလုပ်သမားတဦးရဲ့အခြေခံလစာဟာ ၇ သောင်း ၁ ထောင် ရရှိမှာ ဖြစ်ပြီး မူလထက် ပိုမိုကောင်းမွန်လာတဲ့ အခြေအနေ ဖြစ်ကြောင်း အလုပ်သမားအရေးကို ကူညီပေးနေတဲ့ ဒူဝါးခွန်မန်းနိုင် အဖွဲ့က ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

တိုင်းရုံးက အလုပ်သမားတွေရဲ့ အယူခံအပေါ် ၂၈ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမပေးဘဲ ငြင်းပယ်လိုက်တဲ့အတွက် ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့က အလုပ်သမားတွေ ဆန္ဒပြကြပါတယ်။ လက်နက်မဲ့ အမျိုးသမီး အလုပ်သမားတွေကို ရဲတွေက ရိုက်နှက်နှိမ်နင်းခဲ့ရာမှာ အပြင်းအထန် ဒဏ်ရာသူတွေ ၅ ဦး ရှိတယ်လို့ ရိုက်နှက်ခံရတဲ့ အလုပ်သမားကိုယ်စားလှယ် မခိုင်ခိုင်နွယ်က ပြောပါတယ်။

အခုလို ရိုက်နှက်တဲ့ ကိစ္စကို သက်ဆိုင်ရာအမျိုးသမီးရေးရာ အဖွဲ့ကို တိုင်ကြားမယ်လို့ အရိုက်အနှက်ခံရတဲ့ မိန်းကလေးတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-02 22:28

လက်နက်ကိုင်တွေ က ဖတ်ဆစ် အမွေ ကို ခုထိ ဆက်ခံထိန်းသိမ်း ထားတုံးပဲ ကိုး......