တာချီလိတ်မြို့ မီးခိုးငွေ့ အုံ့ဆိုင်းမှု

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်မြို့မှာ မီးခိုးတွေ တစ်မြို့လုံး အုံ့ဆိုင်းနေတာကြောင့် ဒေသခံတွေ မျက်စိစပ်တဲ့ ဝေဒနာခံစားနေရတယ်လို့ ပြောကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်မြို့မှာ မီးခိုးတွေ တစ်မြို့လုံး အုံ့ဆိုင်းနေတာကို ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ် Photo : Saw Hla Min

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်က တာချီလိတ်မြို့မှာ မီးခိုးတွေ တစ်မြို့လုံး အုံ့ဆိုင်းနေတာကြောင့် ဒေသခံတွေ မျက်စိစပ်တဲ့ ဝေဒနာခံစားနေရတယ်လို့ ပြောကြပါတယ်။

ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ တိုင်းတာချက်အရ လေထုအတွင်း အမှုန်ပါဝင်မှုပမာဏ လေထုအရည်အသွေး အညွန်းကိန်း ၅၀၀ ကျော်ရှိနေပြီး လေထုညစ်ညမ်းနေတာကြောင့် ပြည်သူတွေ အိမ်ပြင်မထွက်ဖို့နဲ့ နှာခေါင်းဖုံးတွေအုပ်ဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်းတို့မှာလည်း အလားတူမီးခိုးငွေ့တွေဖုံးလွှမ်းနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြရပါတယ်။

မြန်မာဘက်တင်မကဘဲ ထိုင်းနိုင်ငံမှာပါ တောင်ယာတွေ မီးရှို့နေပြီး နှစ်စဉ်ဒီလိုကြုံတေ့ွရပေမယ့် ဒီနှစ်အခြေအနေကတော့ အရင်နှစ်တွေထက် ပိုဆိုးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org