ဆွစ်ဇာလန်မှာကျင်းပမယ့် စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ မြန်မာကို ချန်လှပ်

RFA Burmese
2022.12.08
ဆွစ်ဇာလန်မှာကျင်းပမယ့် စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ မြန်မာကို ချန်လှပ် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ၁၄ ရက်နေ့ အထိကျင်းပဖို့ရှိနေတဲ့ ထိရောက်သော ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း (GPEDC)ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် မြန်မာနိုင်ငံကို မဖိတ်ကြားထားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီဇင်ဘာလ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီညီလာခံကို တက်ရောက်ဖို့အတွက် ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်သေးဘူးလို့ ဆွစ်ဇာလန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကြိုဆိုတယ်လို့ စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်းစုံစမ်းဖော်ထုတ်နေတဲ့ Justice for Myanmar က ဒီဇင်ဘာလ ၈ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

GPEDC ထိပ်သီးညီလာခံကို စစ်ကောင်စီရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်ဆံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဝါဝါမောင်က အွန်လိုင်းက တက်ရောက်ဖို့ရှိနေပြီး ဒီလိုတရားမဝင်တဲ့ စစ်ကောင်စီကို ဖိတ်ကြားတဲ့အတွက် ကန့်ကွက်ကြောင်း Justice for Myanmar ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ထုတ်ပြန်ခဲ့တာပါ။

အဲဒီနေ့မှာပဲ မြန်မာနိင်ငံဆိုင်ရာဆွစ်ဇာလန်သံရုံးကလည်း ဒီညီလာခံကိုတက်ရောက်ဖို့ ဖိတ်ကြားထားတဲ့အထဲ မြန်မာမပါဝင်သေးဘူးလို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိရောက်သော ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်း GPEDC ကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်နဲ့ ၂၀၁၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာအစိုးရ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။