လာရောက် တွေ့ဆုံကြတဲ့ လယ်သမား စုစုပေါင်း ၁၀၀ ကျော်ပါတယ်။ မစုစုနွေးနဲ့ တွေ့ဆုံခဲ့သူ လယ်သမား တစ်ဦးက အခုလို ပြောပြပါတယ်။ “မကွေးတိုင်း ပယ်ကျ ထောက်မ ဝဲကြီး အုပ်စု၊ ပြီးတော့ ပိတောက် ဥသျှစ်ပင်ဘက်က လယ်သမားတွေ ပါပါတယ်။ သဲကုန်း ပုတီးကုန်းဘက်ကလည်း ပါပါတယ်။” အာဏာပိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက မိမိတို့ လယ်မြေတွေ သိမ်းလိုက်ကြောင်း၊ ရသင့် ရထိုက်တဲ့ နစ်နာကြေးတွေ မရကြောင်း အပြင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လယ်သမား အများစုက လာရောက် ရင်ဖွင့်ကြတယ်လို့ မစုစုနွေးက ပြောပါတယ်။ လတ်တလော မိမိအနေနဲ့ ထောင်ကလွတ်တာ တစ်လပဲ ရှိသေးတာကြောင့် အခြေအနေ အရပ်ရပ် သိရှိအောင် ကြိုးစားပြီးမှ လယ်သမားတွေ ရသင့်ရထိုက်တာတွေကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောဆိုပါတယ်။ မစုစုနွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00