လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု ၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှု

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်း သားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်း သားကျောင်းသူ ၁၀၀ ခန့်က မန္တလေး မြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲခံရမှု ၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မန္တလေးမြို့မှာ လမ်းလျှောက်ဆန္ဒပြစဉ် Photo: Hset Paing Toe/ RFA

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု ဖြိုခွင်းခံရတဲ့ ၂ နှစ်ပြည့်အထိမ်းအမှတ်နဲ့ တက္က္ကသိုလ် ကျောင်း သားကျောင်းသူ ၁၀၀ ခန့်က မန္တလေးမြို့မှာ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကျောင်းသားသမဂ္ဂအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီ ပညာရေးရရှိရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးရေး တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ချီတက်ပွဲမှာ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် စတဲ့ တက္ကသိုလ် ၁၄ ခုက ကျောက်းသားကျောင်းသူတွေ ပါဝင်ခဲ့ကြတာဖြစ်ပြီး မန္တလေးဈေးချိုကနေ မဟာမုနိရုပ်ရှင်တော်ဘုရားအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ က ဦးဆောင်တာဖြစ်ပြီး စီတန်းလှည့်လည်ခွင့် မတောင်းခံဘဲ ချီတက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မန္တလေး မြို့ကစပြီး ချီတက်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဟာ ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့အရောက်မှာ အကြမ်းဖက် ဖြိုခွဲခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org