ကျောင်းသားထု လိုလားချက်နဲ့ မကိုက်ရင် သပိတ်ပြန်စမည်

ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ ကျောင်းသားထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ညီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ် လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ် Photo: Thiha Tun/ RFA

ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသား ထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ညီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှား မှု ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။

ပြည်ထောင်စုလွတ်တော်မှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆွေးနွေးရာမှာလည်း အစိုးရ၊ လွတ်တော် NNER အဖွဲ့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီစတဲ့ အဖွဲ့တွေရဲ့လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့ မကိုက်ညီမှုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။

"ဒီလိုဗျာ၊ သပိတ်ကရှိနေတယ်၊ သပိတ်ကမှောက်ထားတုန်းဘဲ၊ ဒါသပိတ်မှောက်ထားဆဲ ဖြစ်တယ်ပေါ့လေ၊ ကျန်တဲ့ သပိတ်စစ်ကြောင်းတွေကို ကြည့်မယ်ဆို ရင်လည်း မြေလတ်သပိတ်စစ်ကြောင်းတို့၊ ဧရာဝတီ၊ ထားဝယ်စစ်ကြောင်းတွေ ကိုယ်တိုင်လည်း သပိတ်ကိုရပ်နားထားပြီးတော့ ၁၁ ချက်နဲ့ အညီဖြစ်မလာဘူး ဆိုရင် သပိတ်တွေဆက်လက်ထွက်ခွာမယ့် အခြေအနေတွေရှိတယ်၊ ကျနော်တို့ တောင်းဆိုတဲ့အတိုင်းဖြစ်မလာဘူး ဆိုရင် တစ်စုံတစ်ရာတုန့်ပြန်မှုအခြေအနေ ရှိလာပြီ၊ ကျောင်းသားတွေဘက်က လှုပ်ရှားမှုတွေဆက်ပြီးတော့ လုပ်သွားဖို့အခြေအနေဖြစ်လာပြီ"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးညှိနိုင်းဖွယ်ရှိတယ်လ့ို ကိုအောင်နေပိုင် က ပြောပါတယ်။

အလားတူ NNER အဖွဲ့ကလည်း ဇွန်လ ၂၀ရက်နေ့က  ကျင်းပပြီးစီးသွားတဲ့ အဖွဲ့ရဲ့ ညီလာခံအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် ထဲမှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ် နိုင်ရေးအတွက်၊ နိုင်ငံတော် သမ္မတထံ စာတင်မှာဖြစ်သလို၊ လက်ပံတန်းမှာ ဖမ်းဆီး ခံနေရတဲ့ ကျောင်း သားတွေ ပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကျောင်းသားသပိတ်တွေ ပြန်လည်စတင်မယ့် ကိစ္စနဲ့ပတ်သက်ပြီး၊ ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org