မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ပြီး ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ကို ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီအချိန် ထုတ်ပြန်ချက် ကို တွေ့ရစဉ် Photo: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ မုန်တိုင်း ငယ်အဖြစ် ရောက်ရှိနိုင်ပြီး ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ လေဖိအားနည်းရပ်ဝန်း အခြေအနေသာရှိပြီး မုန်တိုင်းငယ်ဖြစ်လာတဲ့အခါ ဝင်ရောက်နိုင်တဲ့ဒေသတွေကို အသေချာပြောနိုင်မှာဖြစ်တယ်လို့ ဦးကျော်မိုးဦး က ပြောပါတယ်။

"ဒါပေမဲ့ လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်းပဲ ဖြစ်နေသေးတယ်ဆိုတော့ မုန်တိုင်းဖြစ်ပြီးတော့မှ ဘယ်ကိုဦးတည်နေတယ်ဆိုတာ ပြောဖို့စောတယ်ပေါ့။ အခြေအနေက အမြဲပြောင်းလဲနေတာမျိုးတွေ ရှိတယ်ပေါ့။ အဓိကကတော့ မုန်တိုင်းအဆင့်ကို ရောက်သွားပြီဆိုရင်တော့ ဒါဘယ်ကို ဦးတည်တယ်ဆိုတာ ပြောလို့ရ တယ်ပေါ့နော်။ အခုလောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်း ဖြစ်တဲ့အခြေအနေကနေ ထုတ်ထားတာဖြစ် တဲ့အကြောင့်မို့လို့ ၆ ရက်နေ့လောက်ဆို ပိုအားကောင်းလာနိုင်မယ်။ မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်။ ၉ ရက် ၁၀ ရက်မှာတော့ မြစ်ဝကျွန်းပေါ်ကို ဦးတည်နေတဲ့ အနေအထားကို တွေ့ရတယ်။"

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းဖြစ်ပေါ်မှုဟာ ဇန်နဝါရီလအတွင်းမှာ ဖြစ်ပေါ်တာနည်းလေ့ရှိတယ် လို့လည်း ပြောပါတယ်။

ဒီရက်ပိုင်းမှာတောင် တရုတ်ပြည်မကြီးက ဆင်းသက်လာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီနဲ့ ကယားပြည်နယ်တွေမှာ မိုးရွာနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org