လေပြင်းကြောင့် သီပေါမှာ အိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီး

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲက နားမခေါ်ကျေးရွာမှာ မနေ့ညနေပိုင်း က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေ အိမ်နဲ့ စာသင်ကျောင်း အဆောက်အဦးတချို့ ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးသွားပုံကို မေလ ၁ ရက်နေ့က တွေ့ရစဉ် Photo: Aung Oo

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက နားမခေါ်ကျေးရွာမှာ မနေ့ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ စာသင်ကျောင်း အဆောက်အဦးတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လေပြင်းကြောင့် နားမခေါ်ရွာမှာရှိတဲ့ တွဲဖက်အလယ်တန်းကျောင်းက စာသင်ကျောင်းဆောင် နှစ်ဆောင်နဲ့ နေအိမ်တွေ အမိုးလန်ပျက်စီးတာ၊ ဈေးဆိုင်ခန်းတချို့နဲ့ ဓာတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်ခဲ့တယ်လို့ နန်းမခေါ်ကျေး ရွာကို သွားရောက်အကူအညီပေးနေတဲ့ သီပေါမြို့နယ် နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့က ကိုမျိုးကပြောပါတယ်။

"အိမ်ခြေ ၃၇ အိမ် နောက်ပြီးကြတော့ စာသင်ကျောင်းပေါ့၊ စာသင်ကျောင်းကတော့ တော်တော်များများ ပျက်စီးသွားတယ်၊ အမိုးတွေပေါ့၊ အခုလိုအပ်မှုကတော့ အိမ်ဆောက်ပစ္စည်း သွပ်တို့၊ သံတို့ပေါ့။ လန်သွားတဲ့ ဒီသွပ်တွေက တချို့ဟာတွေက တော်တော်များများသုံး လို့မရတော့ဘူး၊ အဓိကလိုအပ်တာတော့ သွပ်လိုအပ် တာပေါ့"

လေပြင်းကြောင့် အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့နယ် ဟိုက်ဖတ်ကျေးရွှာမှာ လေပြင်းတိုက်ခတ်ခဲ့ တာကြောင့် နေအိမ် ၁၀၀ လောက် ပျက်စီးသွားခဲ့ပါတယ်။

ရှမ်း ပြည်နယ်အပါအဝင် ကရင်၊ မွန်၊ ပဲခူးတောင်ပိုင်း၊ ရန်ကုန်တိုင်း ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်နေတာကြောင့် ဂရုစိုက်နေကြဖို့နဲ့ မိုးတိမ်တောင်တွေကြောင့် လျှပ်စီးလက်တာ၊ မိုးခြိမ်းတာ၊ မိုးသက်လေပြင်းတိုက်တာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org