မေလ ပထမပတ် မုန်တိုင်းငယ် သတိပြုရန်လို

မေလရဲ့ ပထမ ၁ဝ ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိ အားနည်းရပ်ဝန်းဖြစ်နိုင်ပြီး "မုန်တိုင်းငယ် "တစ်ခုဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့က ဈေးဆိုင်ခန်းတချို့ ပျက်စီးသွားတာကို ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: U Nay Zaw

မေလရဲ့ ပထမ ၁ဝ ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး "မုန်တိုင်းငယ်"တစ်ခုဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

အဲဒီမုန်တိုင်းဟာ သီရိလင်္ကာနိုင်ငံဘက်ကို ဝင်နိုင်ချေရှိပေမယ့် မြန်မာနိုင်ငံအနေနဲ့လည်း သတိထားဖို့ လိုအပ်တဲ့ အနေအထားဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"၆ ရက်နေ့လောက်ကျရင်တော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာပေ့ါနော်။ မုန်တိုင်းဖြစ်နိုင်ဖို့ ကို လေရစ်ခွေတဲ့ ပုံစံတစ်ခုရှိတယ်။ အဲဒီဟာလေးက အားကောင်းလာမလားဆိုတာ ကျနော် တို့ စောင့်ကြည့်နေတယ်ပေါ့နော်။ ၇ ရက် ၈ ရက်နေ့လောက်ဆိုရင် နည်းနည်းလေး develop ဖြစ် လာပြီးတော့မှ သီရိလင်္ကာနားပေါ့ ဟိုဘက်ထဲကို သွားဖို့တော့ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် ထဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့လည်း နည်းနည်းဂရုပြုရမယ့် အနေအထားလေးရှိပါတယ်"

အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာ မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ မိုးရွာနိုင်တယ်လို့လည်း မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင်မုတ်သုံလေဟာလည်း မြန်မာနိုင်ငံကို မေလ ဒုတိယပတ်ကနေစပြီး ဝင်ရောက်နိုင်တာကြောင့် တစ်နိုင်ငံ လုံးအနေနဲ့ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်း မာရသာဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့က မြို့နယ်တချို့မှာ နေအိမ်အဆောက်အအုံတွေ ပြိုတာ၊ ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org