ကျောက်မိုင်းကွဲတာကြောင့် အလုပ်သမား ၂ ဦးသေ ၈ ဦးဒဏ်ရာရ

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာမှာ တစ်ပိုင်တစ်နိုင်ကျောက် မိုင်းလုပ်ငန်းက မိုင်းပေါက်ကွဲမှှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်မိုင်းကွဲပြီး ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသပေးနေစဉ် Photo: Myeik Public Hospital/ Facebook

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျွဲကူးကျေးရွာမှာ တစ်ပိုင်တစ်နိုင်ကျောက်မိုင်းလုပ်ငန်းက မိုင်းပေါက်ကွဲမှှုကြောင့် အလုပ်သမား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အလုပ်သမားတွေ ထိခိုက်သေဆုံးခဲ့တဲ့အတွက် ကျောက်မိုင်းပိုင်ရှင်နဲ့ ကျောက်မိုင်းခွဲသူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ မြိတ်မြို့မ ရဲစခန်းက ရဲအုပ်တင်ထွဋ် က ပြောပါတယ်။

"၂၄ ရက်နေ့ ည ၇ နာရီ ၅၀ လောက်မှာ ဆေးရုံကိုလူနာတွေရောက်လာမှ ကျနော်တို့သိတာပါ ဒဏ်ရာရတာ ၁၀ ဦးမှာ ၂ ဦးကတော့ဆုံးသွား ပါတယ် ကျနော်တို့ မြိတ်ဆေးရုံကြီးမှာပါပဲ ၊ ကျောက်မိုင်းပိုင်ရှင်နဲ့ ကျောက်မိုင်း ခွဲသူ ၂ ဦးကို အရေးယူထားပါတယ်"

ကျောက်မိုင်းပိုင်ရှင်နဲ့ ကျောက်မိုင်းခွဲသူကို ရာဇသတ်ကြီးပုဒ်မ ၃၃၇ ၊ ၃၃၈ ၊ ၃၀၄ (က) တို့နဲ့ မြိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူ ၈ ဦးဟာ ဦးခေါင်း၊ ဝမ်းဗိုက် နဲ့ ခြေထောက်တို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

မြိတ်မြို့နယ်မှာ ကျောက်မိုင်းခွဲလုပ်ငန်းတွေကို ကုမ္ပဏီတွေအနေနဲ့ လုပ်ကိုင်တာတွေရှိသလို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org