တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့ အဲဒီတပ်က တပ်ကြပ်ကြီးတဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက်တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။ အဲဒီ တပ်မ ၇၇ အောက်ခြေ တပ်ရင်းတွေရဲ့ စားဝတ်နေရေး ခက်ခဲမှု အကြောင်း အပြည့်အစုံ တင်ပြချက်ကို နားဆင်ပါ။
0:00 / 0:00