မြစ်သားမှာ သံချပ်ကာနဲ့ ယန္တယားတပ်က ဝါစိုက်ခင်းတွေ ဖျက်ဆီး


2014.09.12

ယာမြေပြဿနာတက်နေတဲ့ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ချမ်းငြိမ်းသာရွာအနားက ဝါစိုက်ခင်းတွေ ကို သံချပ်ကာနဲ့ယန္တယားတပ် သင်တန်းကျောင်းက ဒီနေ့မနက်မှာ ကားတွေနဲ့ဖြတ်မောင်းပြီး ဖျက်ဆီးနေ တယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မျက်မြင်ရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"သံချပ်ကာနဲ့ယန္တယားတပ် သင်တန်းကျောင်းပေါ့နော်၊ အဲ့ဒီက သိမ်းတယ်လို့ပဲ ကျနော်တို့သိရတာ ၂၀၁၃ ခုနှစ်ကရောက်တာ သူတို့က၊ ဒီနေ့မှာပဲ ကားတွေနဲ့ ဖြတ်မောင်းသွားတာ ၂ စီးတောင်မှ၊ စိုက်ပြီးသားအခင်းတွေတောင်မှ ဖြတ်မောင်းတာ၊ ယာခင်းတွေ၊ ပဲခင်းတွေထဲမှာ ဖြတ်ပြီးမောင်း သွားတာ"

မြစ်သားမြို့နယ်က မြဝတီရွာ၊ ချမ်းငြိမ်းသာရွာတွေအပါအဝင် အဲဒီဒေသတဝိုက်မှာ သံချပ်ကာနဲ့ ယန္တယားတပ်က သင်တန်းကျောင်းအတွက်ဆိုပြီး လယ်မြေဧက ၁ သောင်း ၇ ထောင်ကျော်ကို ၂၀၀၃ ခုနှစ်မှာ စသိမ်းခဲ့တယ် လို့ဒေသခံတွေကပြောပါတယ်။

အဲ့ဒီနောက် တစ်ဧကကို ကျပ်ငွေ ၃ ထောင် ကနေ ၆ ထောင်ထိ စစ်တပ်က တောင်သူတွေဆီကနေ သီးစားခယူပြီး ၂၀၁၂ ခုနှစ်ထိ လုပ်ခွင့်ပြုခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ လုပ်ခွင့်မပေးတော့ဘူးလို့ ဆိုတဲ့အတွက် တောင် သူတွေနဲ့ မြေယာ အငြင်းပွားမှုစတင်ခဲ့တာပါ။ ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတော့ သိမ်းထားတဲ့မြေတွေထဲ ကျူးကျော်ဝင်ရောက်မှုနဲ့ တောင်သူ ၅ ယောက်ကို  ထောင်ဒဏ် ၁ လစီချမှတ်လိုက်ပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။