မြေစာ စွန့်ပစ်တဲ့ကုမ္ပဏီကို အရေးယူဖို့ရှိတယ်လို့ တာဝန်ရှိသူပြော

ကချင်ပြည်နယ် ဗန်မော်မြို့နယ် စင်းခန်းအုပ်စု နန့်ခုတ်ရွာအနီးမှာ ရွှေတူးဖော်နေတဲ့ အီမောဘွမ် ကုမ္ပဏီက လုပ်ငန်းစာချုပ်ကို မလိုက်နာဘဲ မြေစာတွေကို စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်ကျင် ထိခိုက်နေတဲ့အခြေအနေကို ဗန်းမော်မြို့နယ် လွှတ်တေ်ာကိုယ်စားလှယ်က ပြည်နယ်လွှတ်တော် မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။

ဗန်းမော်မြို့နယ်အတွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုကို အရေးယူဆောင်ရွက်ဖို့ ကချင်ပြည်နယ်လွှတ်တော်မှာ ၂၀၁၈ မေ ၂၅ ရက်က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း မေးမြန်းနေစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဗန်မော်မြို့နယ် စင်းခန်းအုပ်စု နန့်ခုတ်ရွာအနီးမှာ ရွှေတူးဖော်နေတဲ့ အီမောဘွမ် ကုမ္ပဏီက လုပ်ငန်းစာချုပ်ကို မလိုက်နာဘဲ မြေစာတွေကို စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့ အခြေအနေကို ဗန်းမော်မြို့နယ် လွှတ်တေ်ာကိုယ်စားလှယ်က ပြည်နယ်လွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။

အဲဒီလို မြေစာတွေကို စည်းကမ်းမဲ့စွန့်ပစ်နေတာကို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိမရှိနဲ့ ပတ်သက်ပြီး ဗန်းမော်မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း က အခုလိုမေးမြန်းခဲ့ပါတယ်။

"အခု ဒီလိုပဲ ဗန်းမော်တင်မကပါဘူး။ ကျနော်တို့ရောက်ရှိတဲ့နေရာ ကချင်ပြည်နယ်အတွင်းမှာ အဲဒီလို ပဲ ရွှေမြေစာတွေ၊ ကျင်းတွေ၊ ချိုင့်တွေ ပုံပြီးမှ သဘာဝပတ်ဝန်းကျင်ပျက်စီးနေတာ အများကြီးရှိပါတယ်။ တကယ်တမ်းဆို ဒါတွေဟာ ဖို့ပြီးမှ သစ်ပင်စိုက်ရမယ်လို့ စာချုပ်စာတမ်းမှာပါတယ်။ ဘာတခုမှ လုပ် ထားခြင်း မရှိပါဘူး။ အဲဒါကြောင့် ကချင်ပြည်နယ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေ အတွက်ကိုရော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကိုရော ပြန်လည်ကောင်းမွန်အောင် မည်ကဲ့သို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိမရှိနဲ့ ပတ်သက်လို့ မေးရခြင်းဖြစ်ပါတယ်။"

မြေစာစွန့်ပစ်တာအပါအဝင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတကျဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်းနဲ့ ပျက်ကွက်ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြန်လည်ဖြေကြားပါတယ်။

မြန်မာပြည်မြောက်ပိုင်းက မေခ၊ မလိခ၊ ဧရာဝတီမြစ်ကြောင်းဒေသ၊ ဗန်မော်ဒေသ၊ အင်းတော်ကြီးဒေသ၊ တနိုင်း-ဟူးကောင်း စတဲ့နေရာတွေမှာ တရားဝင်ရော တရားမဝင်ပါ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org